ဂါးရာယန်ကျေးရွာသားများ နေရပ်ဒေသပြိုင်နိုင်ရေး ခြုံရှင်းလင်းရေးပြုလုပ်

မိမိနေရပ်ဒေသကို စွန်ခွာထွက်ပြေး စစ်ဘေးရှောင်ခဲ့ရတဲ့ ဂါးရာယန်ကျေးရွာဒေသခံများက နေရပ်ပြန်နိုင်ရေးအတွက် မိမိနေအိမ်ပတ်ဝန်းကျင် ရှင်းလင်းရေးကို မတ်လ ၁၁ ရက်နေ့က နောက်တစ်ကြိမ်ပြန်လည် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အရပ်သားအစိုးရထံမှ မြန်မာစစ်တပ် အာဏာမသိမ်းယူခင်အချိန်တွင် ဂါးရာယန်ကျေးရွာကို စစ်တပ်အဖွဲ့၊ ကေဘီစီနဲ့ KHCC တို့မှ တရားဝင်မိုင်းရှင်းလင်းခြင်း နေအိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ပါသေးတယ်။

“လက်ရှိနိုင်ငံရေးအခြေအနေမကောင်းပေမယ့် နေအိမ် မြေနေရာနဲ့ ပစ္စည်းများကို ကာကွယ်တဲ့အနေနဲ့ ပြန်ပြီးသွားနေဖို့ နောက်တစ်ခါ ခြုံရှင်းလင်းခြင်းတွေလုပ်ဆောင်တာပါ” လို့ ကျေးရွာမှ သိက္ခာတော်ရဆရာ မုန့်ဝါ့ လွမ်းဇောင်းကပြောပါတယ်။

“ဂါးရာယန်ကျေးရွာမှာ ခြံ၊ စိုက်ခင်းတွေလုပ်ဆောင်တဲ့သူ အချို့က သွားရောက်နေထိုင်တာတွေရှိပြီးသားပါ၊ စိုက်ပျိုးရေးမလုပ်တဲ့ ဒေသခံအချို့ကတော့ မိမိနေရာ ကာကွယ်တဲ့အနေဖြင့် ခဏတဖြုတ်ဖြစ်ဖြစ်နေထိုင်နိုင်ဖို့ လုပ်ဆောင်နေတာပါ” လို့ ဆရာကပြောပါတယ်။

လက်ရှိအချိန်ထိ ဂါးရာယန်ကျေးရွာတွင် ပြန်လည်အခြေချနေထိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ အိမ်ထောင်စု ၄၇၅ စုရှိကြောင်း သိရှိရပါတယ်။

Leave a Reply

*