မြစ်ကြီးနားမြို့နဲ့ မိုးကောင်းမြို့ကြားရှိ ဂါတ်ရှန်ယာန်ကျေးရွာတွင် ကျွဲများ အသက်ရူရခက်ခဲတဲ့ လက္ခဏာများပြသပြီး သေဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုလာကြောင်း သိရှိရပါတယ်။
အသက်ရူရခက်ခဲပြီး သေဆုံးသွားတဲ့ ကျွဲအကောင်ရေ ၁၀ ရက်အတွင်း အကောင် ၄၀ ကျော်ထိ ရောက်ရှိသွားပြီးဖြစ်ကာ တစ်ရက်ပြီးတစ်ရက် ပုံစံတူသေဆုံးမှုတွေ ထပ်တိုးလာတာကြောင့် ဒေသခံများ စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။
ယခုလိုဖြစ်ပွားလာခြင်းကြောင့် မြစ်ကြီးနား မွေးမြူရေးဌာနဘက်ကို စာတင်သွင်းချိန်မှာတော့ ကာကွယ်ဆေးများ အကူအညီပေးတာကြောင့် ဒေသခံများက ရှိနေသေးတဲ့ကျွဲများ သေဆုံးမှုမဖြစ်ပွားစေဖို့ ပလိပ်ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံနေကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အခုတစ်လောဖြစ်ပွားနေတဲ့ ကျွဲများအသက်ရူရခက်ခဲပြီးသေဆုံးမှုတွေက ဂါတ်ရှန်ယာန်ကျေးရွာအပြင် တန်ဖရဲကျေးရွာနဲ့အခြားကျေးရွာများတွင်လည်း နွေရာသီအချိန်တုန်းကဖြစ်ပွားခဲ့တယ် အများအပြားသေဆုံးမှုတွေရှိခဲ့ပါတယ်။