ချောင်းတံတားအောက် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး ပစ်သတ်ခံလိုက်ရ

အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ မိုးညှင်းမြို့တွင် အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းစဉ် ထွက်ပြေးတိမ်းရှောင်တဲ့အနေဖြင့် မိုးဒါစုချောင်းတံတားအောက် ပုန်းနေစဉ် စစ်ကောင်စီရဲ့ လက်ပါးစေများက ဦးခေါင်းတည့်တည့် ပစ်ခတ်ပြီးခေါ်ဆောင်သွားခြင်းကြောင့် သေဆုံးသွားကြောင်း သိရှိရပါတယ်။

ပစ်သတ်ခံရတဲ့ လူငယ်က မြစ်ကြီးနားနည်းပညာတက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားနေတဲ့ ကိုစိုးနိုင်ထွန်းဖြစ်ကာ မြစ်ကြီးနားနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မိုးညှင်းမြို့တွင် ယနေတစ်ရက်တည်း ၂ ဦးကျဆုံးသွားခဲ့ရတာဖြစ်ပြီး တစ်ဦးက ဝမ်းဗိုက်ကျည်ထိမှန်ပြီး တစ်ဦးကတော့ ဦးခေါင်းကျည်ထိမှန်ခြင်းကြောင့် ကျဆုံးသွားခဲ့ရပါတယ်။

Leave a Reply

*