ချီဖွေရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားအချို့ကို ဝိုင်းမော်-မြစ်ကြီးနားဘက်ကို ချိတ်ဆက်ပေးမည်

ချီဖွေရေအားလျှပ်စစ်စက်ရုံမှ ၂၄.၅ မီဂါဝက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို ဝိုင်းမော်-မြစ်ကြီးနားမြို့ဘက်ကို ဓာတ်အားပေါင်းထည့်ပေးဖို့ ပြင်ဆင်နေတာကြောင့် မီးပျက်တောက်ခြင်း၊ မီးအားနည်းခြင်းများ ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

ဩဂုတ်လကတည်းက ပြုပြင်းခြင်းများလုပ်ဆောင်နေတဲ့ ချီဖွေရေအားလျှပ်စစ်စက်ရု့ကို လက်ရှိအချိန်တွင် ပြီးစီးလာဖြစ်တာကြောင့် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးပျက်တောက်ခြင်းနဲ့ မီးအားနည်းခြင်းကိစ္စရပ်များ လျော့နည်းလာမှာဖြစ်ကာ ရပ်ကွက်အချို့တွင်လည်း ထရန်စဖော်မာများ လိုအပ်ချက်တွေရှိနေခြင်းကြောင့် ရရှိနိုင်ဖို့ အဆင့်ဆင့်လုပ်ဆောင်နေတယ်လို့ ဘူးဂါးကုမ္ပဏီ လျှပ်စစ်မီးပေးရေး မန်နေဂျာ ဦးလအောင် ကပြောပါတယ်။

ဖားကန့်ဒေသမှာလည်း ချီဖွေရေအားလျှပ်စစ်စက်ရုံပြင်ဆင်နေချိန် ဩဂုတ်လ ၅ ရက်ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ လျှပ်စစ်မီးကို အလေ့ကျခွဲဝေခြင်းဖြင့် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိ မြစ်ကြီးနား-ဝိုင်းမော်မြို့များကို မလိရေအားလျှပ်စစ်စက်ရုံကနေ လျှပ်စစ်မီးပေးနေတာဖြစ်ပါတယ်။

Leave a Reply

*