ချီဖွေဒေသမှာ မီးပျက်ဒုက္ခရောက်

ချီဖွေဒေသတွင်း မီးပေးနေတဲ့ ရေကာတာကို သန့်ရှင်းရေးလုပ်ဆောင်နေတာကြောင့် မီးပေးခြင်းရပ်နားထားခြင်းက ဒေသခံများအတွက်ကတော့ အခက်အခဲဖြစ်စေခဲ့ပါတယ်။

လျှပ်စစ်မီးမရတာ ၃ ရက်လောက်ရှိပြီဖြစ်ကာ တစ်လနီးပါးလောက် မီးပျက်မှာဖြစ်ကြောင်း ပြောကြားထားခြင်းကြောင့် အချို့မီးစက်ရှိသူတွေက အခက်အခဲမရှိပေမယ့် မရှိသူတွေအများစုကတော့ ဖယောင်းတိုင်ဖြင့် ဖြတ်သန်းနေကြရတာပါ။

“ရေကာတာသန့်ရှင်းလုပ်နေတာကြောင့် မီးမလာတာ သုံးရက်ရှိပြီ တစ်လလောက်တော့ ကြာမယ်လို့ပြောတယ်။ မီးစက်ရှိသူတွေက အဆင်ပြေတာပေါ့၊ မရှိသူတွေကတော့ အများစုဖြစ်တော့ ဒုက္ခရောက်တာပေါ့ကွယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရေကာတာကို တစ်နှစ်တစ်ကြိမ်အနည်းဆုံးလုပ်ဆောင်နေတာဖြစ်ပြီး လုပ်ဆောင်ချိန်တိုင်း တစ်လေနီးပါးမျှ မီးပျက်လျှက်ရှိပြီး ချီဖွေဒေသက မိုးရာသီကာလတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် စားသောက်ကုန်ဈေးနှုန်းမြင့်မားမှု၊ စက်ဆီဈေးမြင့်မားမှုတွေနဲ့ ဒေသခံတွေ အမြဲလိုလိုရင်ဆိုင်နေရတာဖြစ်ပါတယ်။

Leave a Reply

*