ချင်းမိုင်တွင် ဖမ်းဆီးခံရတဲ့ DVB သတင်းထောက်အပါအဝင် အဖွဲ့ဝင် ၅ ဦး တတိယနိုင်ငံတွင် ရောက်ရှိပြီ

မေလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖမ်းဆီးခံလိုက်ရတဲ့ DVB သတင်းထောက် ၃ ဦးနဲ့ အခြား ၂ ဦး စုစုပေါင်း ၅ ဦးက မေလ ၂၈ ရက်နေ့တွင် တရားမဝင် ဝင်ရောက်လာမှုဖြင့် ထောင် ၇ လ ချမှတ်ခံရခြင်းကနေ ယခုမှာတော့ တတိယနိုင်ငံတစ်ခုတွင် လုံခြုံစွာရောက်ရှိသွားပြီဖြစ်ကြောင်း DVB မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

DVB သတင်းထောက်များအပါအဝင် အဖွဲ့ဝင် ၅ ဦးရဲ့ ထောင်ဒဏ် ၇ လချမှတ်မှိုကုတော့ ဆိုင်းငံ့ထောင်ဒဏ်အဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ထိုင်းနိုင်ငံခရီးစဉ်တွင်လည်း သတင်းထောက်များကို ကူညီဖို့ ပြောဆိုခဲ့ကြောင်း သတင်းတွေအရသိရပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီမှ သတင်းသမား ၄၀ ကျော်ကို ဖမ်းဆီးထားသလို အချို့ကိုလည်း တရားစွဲဆိုထားကာ သတင်းဌာနအများစုကိုလည်း ဖျက်သိမ်းခြင်းခံလိုက်ရကာ သတင်းသမားများက ပုန်းလျှိုးကွယ်လျှိုးဖြင့် သတင်းတင်ဆက်နေကြရကာ အချို့ကလည်း လွတ်မြောက်နယ်မြေနဲ့ အခြားနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

*