ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အနေဖြင့် ခေါင်းဆောင်မှုသင်တန်းကျောင်းသားများဆီကို စက်တင်ဘာ ၄ ရက်နေ့က သွားရောက်တွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင် လူမျိုးအတွက် တာဝန်ထမ်းဆောင်နေသူအများအပြားရှိနေကာ ဦးဆောင်သူများလည်း များပြားစွာလိုအပ်နေတာကြောင့် နောင်အချိန်တွင် ဖခုံးလွဲပြောင်းယူပြီး ခေါင်းဆောင်မှုပြုသွားဖို့ လူငယ်တွေအနေဖြင့် အားသွန်ခွန်စိုက် လုပ်ဆောင်ကြိုးစားသွားကြဖို့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့မျှော်လင့်ကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါတယ်။
လက်ရှိနိုင်ငံရေးနဲ့ဆက်စပ်ပြီးပြောကြားရာတွင် နိုင်ငံသားများအပေါ်အခြေပြုတဲ့ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်တည်လာဖို့ တည်ဆောက်နေတဲ့အချိန်ဖြစ်တာကြောင့် ရပိုင်ခွင့်အပြည့်အဝရရှိလာဖို့ ဦးဆောင်မည့်သူများထဲတွင် မိမိကိုယ်တိုင်မှာလည်း တာဝန်ကြီးတစ်ခုအဖြစ် ရှိနေတာကို သတိထားပြီး ကြိုးစားသွားကြဖို့နဲ့ အတွေးအခေါ်ပြောင်းလဲခြင်းမပြုလုပ်ရဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဥက္ကဋ္ဌရဲ့ မိန့်ခွန်းခံယူရာမှာတော့ ခေါင်းဆောင်မှုသင်တန်းမှာ သင်ကြားခံယူနေတဲ့ အမှတ်စဉ် ၁၃ နဲ့ ၁၄ ရှိ ကျောင်းသားများ၊ တာဝန်ရှိသူများ အယောက် ၃၀၀ နီးပါး ပါဝင်ခဲ့ကြပါတယ်။