ခေါင်လန်ဖူးရှိ ဆေးမြစ်တိုရှာဖွေသူများ ဈေးကွက်မရခြင်းကြောင့် အခက်ကြုံ

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရေခဲတောင်အနီးနေထိုင်ကြတဲ့ ပြည်သူများက တောတောင်များတွင် ပေါက်တဲ့ ဆေးမြစ်ဆေးပင်၊ ရှီးပဒီးများကို အဓိကထားရှာဖွေရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါစတင်လာအပြီး ဈေးကွက်ပျောက်ဆုံးကာ ရောင်းချနိုင်ခြင်းမရှိတာကြောင့် အခက်ကြုံနေကြရပါတယ်။

Photo Credit

ယခင်အချိန်တွေက ဆေးမြစ်ဆေးပင် ဝယ်ယူသူတွေများပြားခဲ့ပေမယ့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်မှ လမ်းပိုင်းပိတ်ပင်ထားရှိတာကြောင့် ရောင်းဝယ်ဖောက်ကားဖို့ အခက်ကြုံတွေ့ခဲ့ရသလို ဒေသခံပြည်သူများရဲ့ ဝင်ငွေရလမ်းကလည်း မရေမရာမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

ခေါင်လန်းဖူးဒေသကို ရောက်ရှိဖို့ ကားလမ်း၊ ဆိုင်ကယ်လမ်းပင်မရှိသေးတာကြောင့် အရာအားလုံးက ခက်ခဲမှုတွေသာဖြစ်စေနေပြီး ဒေသခံများက တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်ဆက်နေကြကာ အခြားသောအသုံးစရိတ် ငွေကြေးအဖြစ် ဆေးမြစ်ဆေးပင်တူးဖော်ရောင်းချခြင်းသာ ရှိနေတာဖြစ်ပါတယ်။

ထို့ပြင် ပူတာအိုဒေသတဝိုက်တွင်လည်း စပါးစိုက်ခင်း၊ တောင်ယာစိုက်ခင်းများတွင် စိုက်ခင်းတွေ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခြင်းတွေနဲ့ ကြုံတွေ့နေကြရပြီး ကျိုင်းကောင်းရဲ့ စိုက်ခင်းပျက်စီးခြင်းများကိုလည်း ခံနေကြရတာကြောင့် နောက်နှစ်စားဝတ်နေရေးအတွက် အစားအသောက်ဖူလုံရေးမှာ အခက်ကြုံရနိုင်ပြီး နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာက ဒေသခံများကို ပိုမိုစိုးရိမ်မှုတွေနဲ့ အကြပ်အတည်းရိုက်စေနေပါတယ်။

Leave a Reply

*