ကွတ်ခိုင် စစ်ကောင်စီဗျူဟာကုန်းအနီး တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ အာဏာသိမ်း စစ်ကောင်စီတပ်စွဲနေထိုင်တဲ့ ဗျူဟာကုန်းအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉) နဲ့ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်း ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၂၄၁), (၂၄၂) တို့ တပ်စွဲနေထိုင်တဲ့ ဗျူဟာကုန်းအနီးတွင် ၄၅ မိနစ်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သတင်းရင်းမြစ်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ အနီးဝန်းကျင် ဒေသခံတွေ တည်ရှိရာနေရာများဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းပစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးပျက်စီးသွားခဲ့ရသလို အိမ်တွင်းပစ္စည်းများလည်း ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*