ကြံ့ခိုင်ရေးပါတီဝင်နဲ့ ဒူးလေးပါတီဝင်တို့ စစ်သင်တန်းရယူနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဂွေထုဒေသအခြေစိုက်တဲ့ လဆန်အောင် ဦးဆောင်တဲ့ ဂွေထုဌာနေပြည်သူ့စစ်နယ်မြေတွင် ပြည်သူ့စစ်အဖွဲ့သစ်တစ်ခုဖွဲ့စည်းနိုင်ဖို့ ကြံ့ခိုင်ရေးပါတီဝင်နဲ့ ဒူးလေးပါတီဝင်တို့ စစ်သင်တန်းရယူနေကြပါတယ်။

ပြည်သူ့စစ်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းနိုင်ဖို့ လီဆူအမျိုးသား Ngaw Wu ဦးဆောင်ပြီး ကြံ့ခိုင်ရေးပါတီနဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဝင် အယောက် ၂၀၀ ဝန်းကျင်ဖြင့် ဦးလဆန်အောင်ရဲ့ ဌာနေပြည်သူ့စစ်နယ်မြေတစ်ခုဖြစ်တဲ့ အလောင်းကစားဝိုင်းတည်ရှိရာ မတ်ခေါတီကျေးရွာတွင် စစ်သင်းတန်းရယူနေကြကြောင်း သိရပါတယ်။

ယခုလအစောပိုင်းကလည်း ပူတာအိုခရိုင် နောင်မွန်ဒေသတွင်လည်း ကြံ့ခိုင်ရေးပါတီဝင်အချို့နဲ့ ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့ နာယက ဦးထုံဖူးဒဂုဏ်တို့က နောင်မွန်ဌာနေပြည်သူ့စစ်အဖွဲ့ထံ သွားရောက်ကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုက်ခိုက်ဖို့အတွက် လက်နက်အကူအညီတောင်းခံမှုတွေရှိခဲ့ကာ လူငယ်အချို့ကိုလည်း စစ်ပညာသင်ကြားပေးမှု ပြုလုပ်နေကြောင်း KNG သတင်းတွင် ဖော်ပြထားပါတယ်။

ဌာနေပြည်သူ့စစ်အဖွဲ့နဲ့ နယ်ခြားစောင့်တပ်များက အာဏာသိမ်းစစ်တပ်လက်အောက် သစ္စာခံထားတဲ့ ဒေသဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြပါတယ်။

Leave a Reply

*