ကြံစိုက်ခင်း ရိတ်သိမ်းချိန်ကျော်လွန်လာခြင်းကြောင့် အရည်အသွေးကျဆင်းသွားမှာကို စိုးရိမ်

ဆွတ်ငိုင်ဇွပ် ကျေးရွာရှိ ကြံစိုက်ခင်း ရိတ်သိမ်းချန်ဖြစ်လာပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နယ်စပ်များပိတ်ပင်ထားခြင်း လက်ရှိအချိန်ထိ ဖွင့်ပေးခြင်းမရှိသေးတာကြောင့် ကြံစိုက်ခင်း ရိတ်သိမ်းပြီး ရောင်းဝယ်ဖို့ အခက်ကြုံနေကြရကြောင်း ကြံစိုက်တောင်သူများထံမှ သိရပါတယ်။

ကြံရိတ်သိမ်းချိန် ကျော်လွန်ပြီး အထွက်နှုန်းလျော့ကျသွားမှာကိုလည်း ဒေသခံများက စိုးရိမ်နေကြတာပါ။ “လွန်ခဲ့တဲ့နှစ်မှာတော့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး ကြံရိတ်သိမ်းတာတွေလုပ်ပြီး တရုတ်နိုင်ငံဘက် ရောင်းဝယ်ခဲ့တယ်၊ ဒီနှစ်ကတော့ ရိတ်သိမ်းချိန်ကျော်လွန်လာပြီး နယ်စပ်ကလည်းပိတ်ထားတော့ အခုချိန်ထိ မရိတ်သိမ်းနိုင်သေးဘူး၊ ရိတ်သိမ်းချိန် မရိတ်သိိမ်းလိုက်နိင်ရင် ကြွက်တွေစားသောက်ပေးတာတွေနဲ့ ကြံအရည်အသွေးကျဆင်းတာတွေကြောင့် ဆုံးရှုံးမှု ကြီးမားလာနိုင်ပါတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ လဖိုင်ဇော်လ ကပြောပါတယ်။

ဆွတ်ငိုင်ဇွပ် (မိုင်ဘတ်) ကျေးရွာရှိ ဒေသခံများက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြံစိုက်ပျိုးခြင်းကို အချို့ပြည်သူများက ရပ်နားထားတာဖြစ်ပေမယ့် ကြံစိုက်ပျိုးခြင်းကိုသာ အဓိကထားလုပ်ဆောင်ခြင်းကြောင့် အခြားသော သီးနှံစိုက်ပျိုးဖို့ မြေဆီလျော့နည်းခြင်းများကြောင့် မစိုက်ပျိုးနိုင်ပဲ ဖြစ်နေကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြံစိုက်တောင်သူများက အခက်ကြုံတွေ့ခဲ့ကြရတာဖြစ်ပေမယ့် အချို့တောင်သူများက ကြံကိုသာ ထပ်မံစိုက်ပျိုးကြဖို့ အချို့ကတော့ သီးနှံပြောင်းလဲစိုက်ပျိုးမှုတွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

Leave a Reply

*