ကွမ်ဆိုင်းဇွပ်ကျေးရွာနှင့် ခရိုင်ရွန်ကြားသွားလာလှုပ်ရှားနေသော ကေအိုင်အေတပ်ရင်း(၆)နှင့် ကွမ်ဆိုင်းဇွပ်ကျေးရွာဆုတောင်းတောင်တွင်နေရာယူထားသော ခ.လ.ရ(၂၅၅)မှအင်အား(၂၀)ခန့်သည် မတ်လ(၁၂)ရက် နေ့လည်၂း၃၀မှ ၂း၄၀ နာရီအတွင်း ကွမ်ဆိုင်းဇွပ်ကျေးရွာထိပ်ရှိ သုသာန်တစ်ဝိုက်တွင် အမှတ်မထင်တွေ့ဆုံကြကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းများအရသိရှိရသည်။
ခ.လ.ရ(၂၅၅)တပ်ရင်းသည် ကွမ်ဆိုင်းဇွပ်ကျေးရွာနှင့် ခရိုင်ရွန်တစ်ဝိုက်သို့ မတ်လ (၁၀) ရက်နေ့မှစ၍၀င်ရောက်သွားလာလှုပ်ရှားနေကြကြောင်းလည်းသိရှိရသည်။