ကျောင်းသားများတိုးတက်မှုအစီအစဉ် ဆွေးနွေးပွဲပြုလုပ်

ကေအိုင်အို ပညာရေးဌာန (ဗဟို) ကဦးအောင်ပြီး မေတ္တာဖောင်ဒေးရှင်းနဲ့ အကူအညီပေးရေးအဖွဲ့တွေ SIP လို့ခေါ်တဲ့ ကျောင်းသားများတိုးတက်မှုအစီအစဉ်နဲ့ သက်ဆိုင်ပြီး တွေ့ဆုံဆွေးနွေးမှုကို ဩဂုတ်လ ၁၂ ရက်နေ့က လိုင်ဇာဟိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုမှာတော့ သင်ကြားခြင်း၊ သင်ယူခြင်း၊ လေ့လာဆည်းပူး သုတေသနပြုလုပ်ခြင်း၊ စီမံကွပ်ကဲခြင်း၊ အုပ်ချုပ်ရေး၊ ငွေကြေးစီမံခြင်း၊ ကျောင်းဆရာများရဲ့ ပညာရေးနဲ့ တိုးတက်လာရေး၊ နေထိုင်ရေးအပြင် ကျောင်းသားမိဘများရဲ့ ပါဝင်မှု၊ စာပေနှင့်ယဉ်ကျေးမှု တန်ဖိုးထားမှု စတဲ့အချက်များကို အဓိကထား ဆွေးနွေးတိုင်ပင်သွားမှာဖြစ်တယ်လို့ ပညာရေးဌာန (ဗဟို) တွဲဖက်အတွင်းရေးမှူး ဆရာကြီး လော့ခွမ့် ဇော်ခရန် ကပြောပါတယ်။

“စီမံချက်ကောင်းကောင်း နည်းလမ်းမှန်မှန်ဖြင့် လုပ်ဆောင်လာနိုင်ဖို့ ကျောင်းသားမိဘများ၊ ကျောင်းဆရာများ၊ အများပြည်သူတွေအားလုံးပါဝင်ပြီး ကျောင်းတွေကို တိုးတက်လာအောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်” လို့ ပညာရေးဌာန (ဗဟို) တွဲဖက်အတွင်းရေးမှူး ကပြောပါတယ်။

SIP ဆွေးနွေးတိုင်ပင်မှုမှာတော့ ကေအိုင်အိုနယ်မြေ ဌာနချုပ်အသီးအသီးမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ အယောက် ၂၀ ကျော်ပါဝင်ခဲ့ကြကာ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

Leave a Reply

*