ကျောင်းဆရာများအား ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးသင်ကြား

လိုင်ဇာမြို့မှာ သင်ကြားရေးနည်းစနစ်သစ်လာရောက် သင်ယူနေတဲ့ ကျောင်းဆရာများကို ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးမှုလည်း မျှဝေမှုကို ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီ (ဗဟို) ကဦးဆောင်ပြီး ဒေါက်တာ ဘောက်ဝါနဲ့ ဆရာမရန်နော်ဆိုင်တို့မှ ပို့ချပေးခဲ့ပါတယ်။ ဒီသင်တန်းမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ ဒေသအသီးသီးက ကျောင်းဆရာများ လာရောက်သင်ယူခဲ့ကြကာ သင်ကြားခဲ့မှုများကို မိမိအရပ်ဒေသရှိ ဆရာများကို ပြန်လည်ပို့ချပေးရမှာဖြစ်ပြီး ကျောင်းသားများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

“ကိုဗစ်-၁၉ ဖြစ်ပွားလာတဲ့ သမိုင်းကြောင်းတိုလေးနဲ့ ဘယ်လိုဘယ်ပုံ ကာကွယ်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျောင်းသားများကို လေ့ကျင့်ပေးနိုင်ဖို့၊ လက်ဆေးတာတွေ အပူချိန်တိုင်းတာ စတဲ့လက်တွေ့လုပ်ဆောင်သွားရမည့်အရာတွေကို ဆရာဝန်တွေက ကောင်းဆုံးနည်းလမ်းတွေနဲ့ သူတို့ကို သင်ကြားပို့ချပေးခဲ့ပါတယ်” လို့ ပညာရေးဌာန (ဗဟို) တွဲဖက်အတွင်းရေးမှူး ဆရာလဖိုင်ဂမ်မော်က ပြောပါတယ်။

ကျောင်းဆရာ ၃၈ ဦး သင်ကြားခံယူခဲ့ကာ လက်ရှိတွင် ကျောင်းဖွင့်တော့မည်ဖြစ်တာကြောင့် ရောဂါနဲ့ပတ်သက်တဲ့ ကိရိယာများ လိုအပ်မှုတွေရှိနေသေးကာ အချို့ကျောင်းများကတော့ လက်ဆေးနေရာနဲ့ နှာခေါင်းစည်းတွေလည်း လိုအပ်ချက်များစွာ ရှိနေတာကြောင့် ပညာရေးဌာန (ဗဟို)ကနေ ဖြည့်ဆည်းပေးမှုတွေလုပ်ဆောင်နေပေမယ့် လုံလောက်မှုမရှိသေးတာကြောင့် အကူအညီပေးအဖွဲ့အစည်းတွေကို ကူညီနိုင်ဖို့ တောင်းဆိုထားပါတယ်။

Leave a Reply

*