ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာ ၆ နှစ်ပြည့်သတိရဆုတောင်းခြင်းပြုလုပ်

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် စာပေသာသနာရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ်ဆက်ကပ်ကြတဲ့ ဆရာမတန်ဘောင်ခေါန်နန်စင်နဲ့ ဆရာမမရန်လုရာတို့နှစ်ဦးကို အဓမ္မပြုကျင်ပြီး စိုးစိုးရွားရွာ သတ်ဖြတ်ခြင်းခံခဲ့ရတာ ၆ နှစ်တင်းတင်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ထိုဖြစ်ရပ်ကိုမမေ့မလျော့ သတိရဆုတောင်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နေ့က အိမ်သူအိမ်သားများ၊ ဓမ္မဆရာများ အယောက် ၃၀ ဝန်းကျင့်ဖြင့် ဆုတောင်းပွဲပြုလုပ်ခဲ့ကာ ကေဘီစီ ဖေ့ဘွတ်ပေ့စ်ကနေလည်း တိုက်ရိုက်ထုတ်လွင့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ – KBC Kachin

လွန်ခဲ့သောနှစ် ၅ နှစ်ပြည့်ဆုတောင်းခြင်းကိုလည်း ကေဘီစီမှ ဦးဆောင်ကျင်းပခဲ့ကာ မြစ်ကြီးနားမြို့ နောင်းနန်ကျေးရွာရှိ ဂျော်ဘွမ်တွင် အများပြည်သူများဖြင့် ကျင်းပခဲ့ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သတ်မှတ်ဦးရေဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အဓမ္မကျင့်သတ်ဖြတ်ကျူးလွန်ခဲ့တဲ့ တရားခံရှာဖွေနိုင်ရေးကိစ္စကလည်း ၆ နှစ်ပြည်မြောက်ခဲ့ပေမယ့် မရှာဖွေနိုင် အမှုကိစ္စရပ်များကလည်း မပြီးဆုံးသေးတာကြောင့် ဆရာမနှစ်ဦးအတွက် တရားမျှတမှုရရှိရေးအားလုံးက မျှော်လင့်ထားကြသလို လာမည့်လတွင်လည်း အမှုကိစ္စဖြေရှင်းရေးကော်မတီကို ဖွဲ့စည်းကာ ဆက်လက်အဖြေရှာနိုင်ရေးလုပ်ဆောင်သွားဖို့ရှိနေပါတယ်။

“လာမည့်ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျတော်တို့အစည်းအဝေးရှိတယ် အဲ့ဒီမှာ ဒီအမှုကိစ္စရပ်နဲ့သက်ဆိုင်ပြီး ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ဆွေးနွေးတိုင်ပင်ပြီး ကော်မတီပြန်လည်ဖွဲ့စည်းတာလုပ်ဆောင်မယ် အခုကော်မတီမှာက အသက်ကြီးတာတွေ ကျန်းမာရေးသိပ်မကောင်းတာတွေရှိနေတာကြောင့် ကော်မတီပြန်ဖွဲ့ပြီး အဖြေရှာသွားမှာပါ” လို့ ကေဘီစီ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဖောင်ယောန်တူးမိုင် ကပြောပါတယ်။

ဆရာမနှစ်ဦးကို လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ ရှမ်းပြည်နယ် ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဆရာမနှစ်ဦးနေထိုင်တဲ့နေအိမ်မှာ အဓမ္မပြုကျင့်ပြီး ရက်စက်စွာဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ယနေ့ဆိုရင် ၆ နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ သက်ဆိုင်ရာများက တရားခံရှာဖွေပေးနိုင်ခြင်းမရှိသေးပါဘူး။

Leave a Reply

*