ကျိုက်ထိုကင်းမွန်စခန်းပစ်ခတ်မှု သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်

ယနေ့ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ကင်းမွန်စခန်းကျေးရွာ အရက်ဆိုင်တွင် အရပ်ဝတ်ဖြင့် အရက်သေစာသောက်စားနေသော ကင်မွန်းစခန်းရဲစခန်မှ ဒု-ရဲအုပ်းနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တိုက်ခိုက်ရေးဌာန၊တပ်စု (၄)မှ ရဲဘော်များက ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိမ်ဇရပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။

ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ ဒုရဲအုပ်ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားပါတယ်။

ယခုလိုလုပ်ဆောင်ရခြင်းက စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုအနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများကို ညအချိန်မတော် မတရားဖမ်းဆီးမှုများကို ကျူးလွန်နေခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

*