ဖုန်လွမ်ယန်စစ်ဘေးရှောင်စခန်းတွင် ကော်ရှုရှိုက်မှုလုပ်ပြီး ရင်းစွဲနေတဲ့ အသက် (၁၀) နှစ်ကနေ (၁၅) နှစ်အတွင်းရှိတဲ့ ကလေး ၁၀ ဦးကို စခန်းတာဝန်ရှိသူများက သတိပေး ဆုံးမမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီကလေးငယ်များက အစိုးရကျောင်းတွင် စာသင်ကြားနေတာဖြစ်ပြီး လက်ရှိ ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်ဖြစ်နေကာ စစ်ဘေးရှောင်စခန်းကို ပြန်လာရောက်နေထိုင်နေတဲ့ ကလေးအများစုဖြစ်ကာ ဖုန်လွမ်ယန်ကျောင်းက (၅) ဦးပါဝင်ပြီး ထိုကျောင်းကလည်း နောက်တစ်ကြိမ် ကော်ရှုခြင်းမပြုလုပ်ကြဖို့ သတိပေးဆုံးမှုတွေရှိခဲ့ကြောင်း ကျောင်းကော်မတီထံမှ သိရှိရပါတယ်။
ယခုလိုကလေးများ ကော်ရှုရှိုက်လာခြင်းက လူမှုရေး၊ စီးပွားရေးရိုက်ခတ်မှုတွေရဲ့ တစိတ်တဒေသဖြစ်သလို လက်ရှိအချိန်တွင် သွားလာရေးပိတ်ပင်ထားချိန်၊ အလုပ်အကိုင်မရှိချိန်၊ ကျောင်းများပိတ်ထားချိန်လည်း ဖြစ်နေတာကြောင့် ကလေးများရဲ့ ကျန်းမာရေးအခြေအနေကလည်း ကြာရှည်လာရင် စိုးရိမ်ဖွယ်ဖြစ်လာမည်ကို စိုးရိမ်တယ်လို့ ဆရာမကပြောပါတယ်။
“အခုသူတို့က ဖိနပ်ချုပ်တဲ့နေရာမှာအသုံးပြုတဲ့ကော်ကို ရှုကြတာ၊ အဲ့ကော်ရဲ့အနံ့ကို ဝိုင်ရှုကြတာ၊ အဲ့ဒါရှုရင် အင်မတန်နေလို့ကောင်းတယ်တဲ့” လို့ ဆရာမက ဆက်ပြောပါတယ်။
အစိုးရကျောင်းတက်နေသူများ ကျောင်းပိတ်ထားတာကြောင့် စစ်ဘေးရှောင်စခန်းကို ပြန်လာပြီး စခန်းရှိကျောင်းတွင် အချို့က ကျောင်းပြန်လည်တက်ရောက်မှုတွေရှိပေမယ့် အချို့ကျောင်းသားမျာကတော့ အစိုးရကျောင်းပြန်လည်ဖွင့်လှစ်လာမည်ကို စောင့်မျှော်နေကြတာဖြစ်ပြီး မြန်မာအစိုးရကျောင်းနဲ့ ကေအိုင်အိုအစိုးရကျောင်းနှစ်ခုကြားတွင် အချိန်မမှီလိုက်မှုတွေရှိနေတာကြောင့် ကျောင်းမတက်ချင်တဲ့ကလေးများလည်း ပါဝင်နေပါတယ်။