ကေအိုင်အေ တပ်ရင်း (၉) နယ်မြေတိုက်ပွဲတွင် စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့

ှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး လော့်မွန်းနဲ့ မန်အိုင် ကျေးရွာအကြားတွင် ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉) နဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်အင်အား (၈၀) ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းက ကေအိုင်အေနယ်မြေထဲကို စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ကေအိုင်အေဘက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကာ ၁ နာရီကြာနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။ အဆိုပါတိုက်ပွဲတွင် ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီအလောင်းတစ်လောင်းကို ဒေသခံပြည်သူများက တွေ့ရှိခဲ့ကာ မြုပ်နှံပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က အဆိုပါနယ်မြေများဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေရာ ဒီဇင်ဘာ ၁ ရက်နေ့တွင်လည်း ကေအိုင်အေ၊ ကိုးကန့်တပ်မတော် ပူးပေါင်းတပ်ဖွဲ့နဲ့ ဂါလန်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

ယမန်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေ အင်းတော်ကြီးဒေသ ညောင်ထောက်တွင်လည်း အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေကြား မနက် ၆ နာရီကနေ ညနေပိုင်း ၆ နာရီနီးပါးအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*