ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၈) လက်အောက်ရှိ တပ်ရင်း (၅) နယ်မြေဖြစ်တဲ့ ဂါးခရန်ဘွမ်နေရာဘက် ထိုးစစ်ဆင်မှုပြုလုပ်လာတဲ့ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတပ်များ ဇွလ ၂၉ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၁ နာရီဝန်းကျင် လမိုင်ယန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကေအိုင်အေထိန်းချုပ်နယ်မြေဆီကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ မိုးကောင်းအခြေစိုက် ခမရ (၃၈၉) တပ်တွေကို စစ်ကူပေးဖို့ လာရောက်တဲ့ ခလရ (၂၃၇) တပ်ကို ကေအိုင်အေတပ်တွေ ခံစစ်ပြုလုပ်ရာမှ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်တွင် နှစ်ဦးနှစ်ဖက်တပ်များ သတိရှိစွာနေထိုင်နေကြကာ ဒေသခံများအနေဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ဒုက္ခရောက်မည်ကို စိုးရိမ်နေကြရပါတယ်။