ကေအိုင်အေ တပ်ရင်း ၄ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံထားတဲ့ မြန်မာအစိုးရ ကျောင်းအုပ်ကြီးကို PCG အဖွဲ့သို့လွဲပြောင်း

မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၄  ဖမ်းဆီးထားတဲ့ မြန်မာအစိုးရကျောင်းခါ့ဝမ်ရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ကြီး ဒေါ်အေးအေးတင် အသက် (၅၄)ကို မြန်မာအစိုးရ ပညာရေးဌာနဘက် လွဲပြောင်းပေးဖို့ ဇွန်လ ၆ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ကို အပ်နှံလိုက်ပါတယ်။ ကေအိုင်အေ တပ်ရင်း ၄ ထိန်းချုပ်နယ်မြေဖြစ်တဲ့ အင်ဂျားယန်ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တွေပိုမိုများပြားလာတာကြောင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ဖို့ စီမံချက်ဖြင့် စစ်ဆေးရှာဖွေမှုတွေလုပ်ဆောင်ရာတွင် အင်ဂျားယန်ဒေသရှိ ခါ့ဝမ်ကျေးရွာမှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးတင် ကိုစစ်ဆေးမေးမြန်ရာမှာတော့ မူးယစ်ဆေးဝါးရောင်းဝယ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေဖြင့် ကျောင်းအုပ်ဒေါ်အေးအေးတင် မူးယစ်ဆေးဝါးရောင်းဝယ်နေမှုများကို သတိပေးတိုင်ကြားခဲ့သလို အစိုးရကျောင်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးအနေဖြင့် ယခုလိုရောင်းဝယ်မှု လုပ်ဆောင်နေမှုကို မလိုချင်ကာ အင်ဂျားယန်ဒေသမှာ နေထိုင်ပြီး တာဝန်ထမ်းဆောင်ဖို့ကိုလည်း မလိုလားတော့ကြောင်း ကေအိုင်အေ တပ်ရင်း ၄ မှ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ကျောင်းအုပ် ဒေါ်အေးအေးတင်အနေဖြင့် ၁၉၉၃ ခုနှစ်ကတည်းက အစိုးရကျောင်းဆရာမ တာဝန်ကိုထမ်းဆောင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှာတော့ အင်ဂျားယန်ဒေသရှိ ခါ့ဝမ်ကျေးရွာမှ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ကြောင်း သိရှိရပါတယ်။

Leave a Reply

*