ကေအိုင်အေ တပ်ရင်း (၄၄) စစ်မှုထမ်းများ ကိုဗစ်ကော်မတီထံ ငွေကြေးလှူဒါန်း

ကားမိုင်းမြို့အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးအဖွဲ့များထံကို ကေအိုင်အေတပ်ရင်း (၄၄)တွင် တာဝန်ထမ်းဆောင်နေသူများက အောက်တိုဘာ (၂၉) ရက်နေ့က ငွေကြေးကူညီလှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

တာဝန်ထမ်းဆောင်ရင်း ရရှိတဲ့လစာကနေ မိမိဆန္ဒအရ ထည့်ဝင်တဲ့ငွေများကို စုစည်းပြီး ကဝါးယန်၊ ကောင်းခါး၊ လဘန်၊ နမ့်ရှန်၊ ခဆန်၊ ဂေါ်ရီ၊ ထွယ်ဆန်ယန်၊ ကထန်ယန်၊ ကပ်မော်နဲ့ အခြားသောကျေးရွာများတွင် ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီများထံကို ပထမဆုံးအနေဖြင့် ကူညီမှုတွေ ပြုလုပ်ခဲ့တာပါ။

“အခုချိန် တကမ္ဘာလုံးက ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ တတ်နိုင်တဲ့ဘက်ကနေ ကျတော်တို့ကလည်း ပူးပေါင်းပါဝင်ကူညီခြင်းဖြစ်ပါတယ်” လို့ အတွင်းရေးမှူး ဦးဇော်လတ်ကပြောပါတယ်။

Leave a Reply

*