ကေအိုင်အေ တပ်မ (၂) ရှိ စစ်မှုထမ်း စစ်သည် (၆၃)ဦး စုပေါင်းမင်္ဂလာဆောင်

ကေအိုင်အို အနောက်ပိုင်းဌာနချုပ် တပ်မ (၂) လက်အောက်ရှိ  စစ်မှုထမ်းစစ်သည် (၆၃) ဦးရဲ့ မင်္ဂလာဆောင်ခြင်းအခမ်းအနားကို တစ်နေရာတည်းတွင် အတူတကွ စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – Credit to Original Uploader

အခက်အခဲအရပ်ရပ်ကြောင့် ထိမ်းမြားလက်ထပ်လက်မှတ်မရရှိသေးတဲ့ တပ်မ တပ်ရင်းတွေအတွင်းရှိ စစ်မှုထမ်းများကို အနောက်ပိုင်းဌာနချုပ်က တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြစ်ကာ ကေဘီစီအသင်းတော်မှ စုံတွဲ (၅၂)တွဲ၊ RCM အသင်းတော်က (၄) တွဲ၊ တရားရုံးအနေဖြင့် ထိမ်းမြားလက်မှတ်ထိုးသူ (၇)တွဲဖြင့် စုံတွဲ (၆၃) တွဲ နေရာတစ်ခုတည်းတွင် အတူတကွ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တရားဝင်လက်ထပ်ထိမ်းမြားမှုပြုလုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် မိမိရဲ့ အသင်းတော်၊ ဌာနများတွင် တရားဝင်အိမ်ထောင်အဖြစ် သတ်မှတ်ခံရပြီဖြစ်ကာ ကောင်းကြီးမင်္ဂလာခံစားရတဲ့ အိမ်ထောင်ဖြစ်တည်လာဖို့ ရည်ရွယ်ပြီး မင်္ဂလာဆောင်ပွဲပြုလုပ်ပေးတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲကပြောပါတယ်။

ဒီမင်္ဂလာဆောင်ပွဲကိုတော့ အသင်းတော်မှ သင်းအုပ်ဆရာများနဲ့ ဌာနအသီးသီးက တာဝန်ထမ်းဆောင်သူများ လာရောက်ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

Leave a Reply

*