ကေအိုင်အေ တပ်မဟာ (၉) နယ်မြေအတွင်း သတိထားရမည့်အချက်များထုတ်ပြန်

ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၉) နယ်မြေဖြစ်တဲ့ ကားမိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦး ကျောင်းဝင်းများတွင် အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးအဖွဲ့များ ခေတ္တနားခြင်း ညအိပ် စခန်းချခြင်းများကို ခွင့်မပြုဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ယခင်အဆက်ဆက်ကတည်းကလုပ်ဆောင်နေတဲ့ လက်နက်ခဲယမ်းများကိုလည်း အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်များနဲ့ ကုမ္ပဏီယာဉ်များဖြင့် သယ်ဆောင်ပေးခြင်းမပြုလုပ်ဖို့ ခရီးသွာလာစဉ် မိုးကာအုပ်ပြီး သွားလာခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။

ယခုထုတ်ပြန်ချက်က ကေအိုင်အေ တပ်မဟာ (၉) ရဲ့ ထုတ်ပြန်ချက်မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။

Leave a Reply

*