ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ ၊ တပ်ရင်း ၃၈ ဒေသနဲ့ တပ်ရင်း ၉၊ တပ်ခွဲ ၅ ဒေသများတွင် မြန်မာတပ်မတော်တွေ ထိုးစစ်တိုက်ခိုက်လာခြင်းကြောင့် ကေအိုင်အေတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ဆယ်နာရီအချိန်ခန့်တွင် မြန်မာတပ်မှ ကေအိုင်ကေ တပ်စွဲထားရာနေရာဘက် စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ပြုလာတာကြောင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာဘက်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တာကြောင့် မူဆယ်-နမ့်ဖက်ကာကြား ဒီမာကျေးရွာအနီးရှိ အိမ်ထောင်စု ၅ စုလောက်က နမ့်အွမ်အသင်းတော်ဝင်းတွင် ခိုလှုံနေကြရကာ ကလေးသူငယ် ၁၅ ဦးပါဝင်ပြီး လူကြီး ၉ ဦးဖြစ်ကာ မုံဘော်ကျေးရွာဘက်တွင်လည်း အိမ်ထောင်စု ၃ စုလောက် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။