ကေအိုင်အေ တပ်မဟာ (၆)နေရာတွင် တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ မြန်မာစစ်တပ် တပ်မ (၉၉) လက်အောက်ရှိ တပ်ရင်းများနဲ့ အောက်တိုဘာ (၄) ရက်နေ့ မနက်ပိုင်းတွင် ဖောင်ဒေါ့နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယခုတစ်ခါကတော့ ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဆယ်နာရီအချိန်လောက်မှာတော့ တစ်နာရီကြာ ပြန်လည်ဖြစ်ပွားခဲ့ပြီး တပ်မ (၉၉) အနေဖြင့် စစ်ကြောင်း (၄) ခုဖြင့် စစ်ရေးလှုပ်ရှားလာမှုကြောင့် နှစ်ဖက်ကြား သတိထားဆောင်ရွက်နေကြတယ်လို့ ရှေ့တန်းရောက်နေသူ တစ်ဦးကပြောပါတယ်။

“လက်ရှိအချိန်က နှစ်ဖက်အနေဖြင့် သတိထားနေကြပါတယ်။ ဒီညမဟုတ်ရင် မနက်ဖြန်ပြန်တိုက်ပွဲဖြစ်ပွားဖို့ ရှိတယ်” လို့ သူကပြောပါတယ်။

အောက်တိုဘာ (၃) ရက်နေ့ကလည်း တပ်ရင်း (၉) ဒေသတွင် အထိုင်ချထားတဲ့ TNLA နဲ့ MNDAA ပူးပေါင်းအဖွဲ့ နယ်မြေဖြစ်တဲ့ တိန်ကော့ဘွမ်တွင် မြန်မာတပ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ပါသေးတယ်။

Leave a Reply

*