ကေအိုင်အေ တပ်မဟာ ၅ ဌာနချုပ်တွင် တော်လှန်ရေးနေ့မိန့်ခွန်းအကြောင်း ရှင်းလင်းခြင်းပြုလုပ်

ကေအိုင်ကေ တပ်မဟာ ၅ ဌာနချုပ်၊ ပဒန်နိန်ခေါန်ခန်းမတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကချင်လွတ်မြောက်ရေးကောင်စီ ဒုတိယဥက္ကဌ ၂ ဗိုလ်ကြီးဇောင်ဘုတ်ထန်းမှ ကေအိုင်အို ဥက္ကဌရဲ့ နှစ် ၆၀ ပြည့် တော်လှန်ရေးနေ့မိန်းခွန်းနဲ့သက်ဆိုင်ပြီး ရှင်းလင်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသူများ၊ တပ်မဟာအတွင်းရှိ မုံးဆိုင်ယန်ကျေးရွာ၊ ဂျာထုကောင်ကျေးရွာရှိ အများပြည်သူများကိုလည်း ဖိတ်ကြားခဲ့ကာ ကေအိုင်အိုအနေဖြင့် ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းများနဲ့ ဌာနချုပ်ကော်မတီက ပြည်သူများနဲ့ပူးပေါင်းပြီး ရေးဆွဲထားတဲ့ စီမံချက်လုပ်ငန်းများအကောင်အထည်ဖော်ဦးဆောင်နေတာဖြစ်ကြောင်းကို ကောင်းမွန်စွာသိရှိနားလည်စေဖို့နဲ့ ကောင်းမွန်တဲ့နည်းလမ်းများ ပညာပေးခြင်းများဖြင့် ဆက်လက်ပါဝင်သွားကြဖို့ ဥက္ကဌရဲ့ မိန့်ခွန်းအပေါ်မူတည်ပြီး ပြောဆိုခဲ့ပါတယ်။

တပ်မဟာ ၅ မှာပြုလုပ်တဲ့ ဒီရှင်းလင်းပွဲကို နိုင်ငံခြားရေးဌာနမှ ဒုတိယတာဝန်ခံ လဖိုင်ခွန်နောင်နဲ့ ဘဏ္ဏာရေးဌာနချုပ်တာဝန်ခံ ဗိုလ်မှူးကြီး လဖိုင်ယော်ဒိန်တိုကလည်း အခြားသောအကြောင်းအရာများ ပြောကြားပါဝင်ခဲ့ကြပါတယ်။

Leave a Reply

*