ကေအိုင်အေ တပ်မဟာ (၅)နယ်မြေ ၂ နေရာတွင် အာဏာသိမ်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသ ဂေါ်ဆက်ယန်ကျေးရွာအထက် ဆဒုံးနဲ့ ချီဖွေလမ်းဆုံတွင် ယနေ့ ဇွန်လ ၁၁ ရက် မနက် ၇ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃) နဲ့အာဏာသိမ်းစစ်ကောင်စီတပ်ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက်တွင်လည်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးရှိ ပန်စွံဘွမ်အနီး စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာတဲ့ စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကေအိုင်အေ တပ်မဟာ (၅) ခြေမြန်တပ်ရင်း (၁၉) မှ စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ကေအိုင်အေ တည်ရှိရာ နယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို အစဉ်အမြဲလုပ်ဆောင်နေတာကြောင့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှုတွေ မကြာခဏဆိုသလို ရှိနေပါတယ်။

ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တုန်းကလည်း ခရာဘွမ်အနီး စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များကို ကေအိုင်အေတပ်များမှ စောင့်ကြို ခုခံတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

Leave a Reply

*