သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း ၈ နယ်မြေဖြစ်တဲ့ နမ့်ဖက်ကာမြို့နယ်၊ နမ့်ဖာလုံကျေးရွာနဲ့ ခါ့ခရိပ့်ကျေးရွာကြားတွင် မတ်လ ၈ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်တွင် ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ် တပ်မ (၉၉) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ် တပ်မ (၉၉) လက်အောက်ရှိ တပ်သား ၂၀ ကျော်က ကေအိုင်အေတပ်စွဲထားရာနယ်မြေဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် ကေအိုင်အေ တပ်ရင်း (၈) တပ်ခွဲ ၁ နဲ့ တပ်ရင်း (၂၉) တို့ ထိပ်တိုက်တွေဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီထိပ်တိုက်တွေ့ဆုံမှုတွင် မြန်မာစစ်တပ်က တပ်သား ၂ ဦးသေဆုံးသွားကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်တွင် တပ်မ (၆) နယ်မြေဘက် စစ်ရေးလှုပ်ရှားမှုတွေက စဉ်ဆက်မပျက်ပြုလုပ်နေတာကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားဖို့ ရှိနေသေးတယ်လို့ ရှေ့တန်းရောက်စစ်သည်တစ်ဦးကပြောပါတယ်။
“မြန်မာစစ်တပ်ကလည်း အမြဲစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်၊ အရင်လို တပ်မ ၉၉ ကသူ့နေရာမဟုတ်ရင်လည်း အခြေချမှုတွေရှိတယ် ယခင်ရှိတဲ့အထဲမှာ အင်အားတိုးချဲ့တာတွေရှိနေတယ်၊ သူတို့အနေဖြင့် ဒီလိုပဲလုပ်ရှားနေရင်တော့ တစ်နေ့မဟုတ်တစ်နေ့တော့ တိုက်ပွဲဖြစ်ပွားမှာပဲလေ” လို့ သူကပြောပါတယ်။
မတ်လ ၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်တွင်လည်း ဒီမာ့ကျေးရွာကနေ ထွက်လာပြီး နမ့်အွမ့်ဘက်အခြမ်း စစ်အင်အားကူညီဖို့ သွားရောက်တဲ့ တပ်မ ၉၉ နဲ့ ကေအိုင်အေ တပ်ရင်း (၉) တွင်းရှိတပ်များက ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်တာကြောင့် မြန်မာစစ်တပ်ဘက်က ရန်းသမ်းပစ်ခတ်မှုတွေပြုလုပ်ကာ ခရီးသွားပြည်သူများကို အနှောက်အယှက်ပေးမှုတွေလုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။