ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဌာနချုပ်ရှိ ကေအိုင်အေ တပ်မဟာ ၁ အတွင်းရှိ ပြည်သူများထံ ကေအိုင်အိုအဖွဲ့ဝင်နဲ့သက်ဆိုင်ပြီး လူထုအမြင်များစုဆောင်းရယူခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်အထိ လုပ်ဆောင်နေပါတယ်။

ဒီလူထုအမြင်ကောက်ခံမှုတွင် ကေအိုင်အိုအပေါ်ရှုမြင်မှုများကို အချင်းချင်းအမြင်ဖလှယ် တင်ပြမှုတွေပြုလုပ်ခဲ့သလို ကေအိုင်အိုအစိုးရ အကောင်အထည်ဖော်နေတဲ့ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့စီးပွားရေးများအပေါ် သဘောထားရယူခြင်း များပြုလုပ်ခဲ့ပါတယ်။
ပူတာအို၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်နဲ့ အင်ဂွမ်းလစတဲ့ မြို့နယ်အတွင်းရှိ ကေအိုင်အိုအဖွဲ့ဝင်များ၊ ဒေသအုပ်ချုပ်သူများ၊ အမျိုးသမီးကော်မတီ၊ ဘာသာရေးအသီးသီးရှိ ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း အယောက် ၁၀၀ နီးပါးပါဝင်ဆွေးနွေးအမြင်ဖလှယ် ခဲ့ကြပါတယ်။