ကေအိုင်အေ တပ်မဟာ (၁) နယ်မြေတွင် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၄) နယ်မြေဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ် Ya Krung ဘက် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ ၂၉ နဲ့ ၃၇ တပ်တို့မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်နဲ့ ယမန်နေ့ ဇွန်လ ၄ ရက်နေ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင်လည်း အာဏာသိမ်းစစ်တပ်မှ ဂွေထောက်ကျေးရွာတဝိုက် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေ တပ်မဟာ (၁) လက်အောက်ရှိ တပ်ဖွဲ့မှ ၇ မိုင်တွင် စောင့်ဆိုင်းပြီး ခုခံတိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုနေ့တွင် စစ်ရေးလှုပ်ရှားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့မှ မိမိကျေးရွာတွင် မွေးမြူထားတဲ့ ကျွဲနွားသွားရောက်ကြည့်ရှုဖို့ ဆနီတူးယန်ကျေးရွာဘက် အိမ်ပြန်တဲ့ မြစ်ကြီးနားမြို့၊ ပလနစစ်ဘေးရှောင်စခန်းမှ အလဲပါး (အသက်-၄၈)၊ အင်ဒိန်လတောင် (အသက်-၅၈) တို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

ယမန်နေ့ မနက်မှာလည်း နမ့်ဖက်ကာမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ မုန်းဝီ စစ်ဗျူဟာဌာနကို ကေအိုင်အေ တပ်ရင်း (၈) မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဇွန်လ ၄ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

ထို့ပြင် ရွှေကူမြို့နယ်ရှိ ရဲစခန်းကိုလည်း ယမန်နေ့ ည ၈ နာရီတွင် ရွှေကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကေအိုင်အေ တပ်ရင်း (၁၂) တို့ပူးပေါင်းပြီး သွားရောက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သား ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Leave a Reply

*