ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၁၀ တပ်ရင်း ၁၇ အခြေစိုက်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွန်လုံမြို့နယ်၊ ပန်ဟုန်းကျေးရွာနဲ့ ပန်ဂျာကျေးရွာကြားရှိ ပန်ဆေးတောင်တွင် စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီခန့်တွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းသိမ်းစစ်ကောင်စီတပ်များက တပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ပန်ဟုန်းကျေးရွာဘက်ကနေ ကေအိုင်အေ နယ်မြေဘက် ထိုးစစ်ဆင်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-State) ကေအိုင်အေ တပ်မဟာ ၄ အခြေစိုက်ဒေသတွင် အာဏာသိမ်းစစ်တပ်အုပ်စုက စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာခြင်းကြောင့် စက်တင်ဘာ ၄ ရက်နေ့တွင်လည်း ပန်သီဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် တပ်မ ၉၉ အတွင်းရှိ တပ်ရင်းနဲ့ ကေအိုင်အေကြား ဗျူဟာကုန်အနီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။