ကေအိုင်အေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုအတွင်း ယမန်နေ့က စစ်ကောင်စီအဖွဲ့ ၂၀ ကျော်သေဆုံး

အာဏာသိမ်းစစ်တပ် အကြမ်းဖက်အုပ်စုရဲ့ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထီးချိုင့်မြို့နယ် ဂွေးပင်တောင်လမ်းပိုင်းတွင် ယမန်နေ့ည ၁၁ နာရီခွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း HPDF ကထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှုတွင်  ၁ ပျက်စီးကာ အနည်းဆုံး စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးသွားကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ပါဝင်သလို ကေအိုင်အေနဲ့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ထိခိုက်ကျဆုံးမှု လုံးဝမရှိကြောင်း အသိပေးထားပါတယ်။

ထို့ပြင် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ် သစ်ဆိပ်ကုန်းတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နေ့လည် ၁ နာရီဝန်းကျင်မှ ၄၅ မိနစ်ခန့်ကြာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးခဲ့သလို ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*