ကေအိုင်အေနယ်မြေထဲကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့

ဆဒုံဇုံနယ်၊ ဝါရှောင်ဒေသ အုပ်ချုပ်ရေးရုံးနဲ့ ကေအိုင်အေရှေ့တန်းစခန်းတစ်ခုဖြင်တဲ့ ဝါရှဂါတောင်မှာ ဇန်နဝါရီ ၇ ရက်နေ့မနက်ပိုင်းက မြန်မာတပ်မတော်အနေဖြင့် လက်နက်ကြီးဖြင့် ဆယ်ကြိမ်မျှ ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်တပ်အနေဖြင့် သတိကြီးစွာ စောင့်ကြည့်နေကြပါတယ်။

လက်နက်ကြီးဖြင့်ပစ်ခတ်လိုက်တဲ့တပ်အနေဖြင့် နန်ဇော်ကျေးရွာရဲ့ ဆုတောင်းတောင်ပေါ်တွင် အခြေချနေရာယူထားတဲ့ ခမရ (၃၈၉) တပ်ကဖြစ်ကြောင်း ခန့်မှန်းထားကြကာ ကေအိုင်အေ ရှေ့တန်းစခန်းဖြစ်တဲ့ အင်ဂေါ်တောင်ဘက်တွင် လက်နက်ကြီးဖြင့် ၄ ကြိမ်ခန့်မျှ ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိကြောင်း သိရှိရပါတယ်။

မြန်မာ့တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်နှိမ်နှင်းရေးလုပ်ဆောင်ရာတွင် ထိရောက်မှုရှိစေဖို့နဲ့ ပြည်တွင်းငြိမ်းချုပ်ရေးတပ်ဆောက်ရာတွင် ခရီးတွင်စေဖို့ရည်ရွယ်ပြီး ဇန်နဝါရီလကုန်အထိ တစ်ဖက်သပ်အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

Leave a Reply

*