ကေအိုင်အေတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စကစတပ် လက်နက်ခဲယမ်းများပါ သိမ်းဆည်းခံရ

ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။

ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၂ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ ၅ နယ်မြေဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် စကခ (၁၀၃)တပ်က လွယ်လုံတောင်ဘက်ကနေ နမ်ဆန်တံတားဘက် စစ်ကြောင်းထွက်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ် တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ အဆိုပါအကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လက်ရှိတွင် နမ်ဆန်ယန်ကျေးရွာနဲ့ အနီီးဝန်းကျင်ဘက် ဆက်လက်ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ရှိလာနိုင်သေးကြောင်း ဒေသခံများက ယူဆနေကြပါတယ်။

ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၁၄ ဘက်မှာတော့ ယနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ပါတယ်။

ဒရုန်းဖြင့် ညအချိန်တိုက်ခိုက်စဉ် ကေအိုင်အေတပ်မှ ထိခိုက်သေဆုံးမှုမရှိခဲ့ကာ ရှဒူးဇွပ်ပြည်သူ့စစ်အုပ်စုက ကေအိုင်အေနယ်မြေဘက် ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်နေပြီး မြစ်ကြီးနား-တနိုင်းလမ်းပိုင်း သွားလာသူများကိုလည်း ပြင်းထန်စွာစစ်ဆေးတာတွေ ရှိနေပါတယ်။

Leave a Reply

*