ကေအိုင်အေတပ်မ (၆) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မ (၆) တပ်ရင်း (၉) တည်ရှိရာ နယ်မြေမှာ အစိုးရတပ် တပ်မ (၈၈) လက်အောက်ခံတပ်များနဲ့ အောက်တိုဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မြန်မာတပ်မတော် တပ်မ (၈၈) လက်အောက်ခံတပ်များက နမ့်အွမ်၊ ဂန်နန်အနီးတဝိုက်နဲ့ အင်ထုခတ်နေရာတွေကို စစ်ရေးလှုပ်ရှားမှုတွေရှိလာတောကြောင့် ထိုနေရာများတွင် နေရာယူထားတဲ့ ကေအိုင်အေတပ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ရှေ့တန်းရောက်ရှိနေတဲ့ စစ်သည်တစ်ဦးကပြောပါတယ်။

“သူတို့က ဒီနေရာတွေကို ပရမ်းပတာနဲ့လိုက်လုပ်နေတာ အဲ့ဒါ့ကြောင့် ကျတော်တို့ကလည်း တန်ပြန်တိုက်လို့ တိုက်ပွဲဖြစ်ပွားတာ နှစ်ဖက်အနေဖြင့် ထိခိုက်ဒဏ်ရာရမှုရှိမရှိတော့ အတိအကျမသိသေးဘူးဗျ” လို့ သူကပြောပါတယ်။

ယခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်တွင် အောက်တိုဘာ လဆန်းပိုင်းကတည်းက မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုတွေကလည်း ရပ်တန့်ထားခြင်းမရှိသေးတာကြောင့် ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ မှန်းဆထားကြပါတယ်။

မြန်မာစစ်တပ်အနေဖြင့် အောက်တိုဘာလကုန်အထိ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသူများ တည်ရှိရာနေရာများမှလွဲပြီး အပစ်အခတ်ရပ်စဲထားမှာဖြစ်ကြောင်း ထုတ်ပြန်ထားမှုတွေရှိပေမယ့် ဒီဒေသမှာတော့ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

*