ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား ၂ ရက်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ၁၀ နာရီခွဲအချိန်တွင် ဖားကန့်မြို့ နမ့်မော်ဘက်ကနေ ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ တပ်အင်အား (၃၀) ပါဝင်တဲ့ စစ်ကောင်စီတပ် ခမရ (၁၁၆) အဖွဲ့ကို တာမခန်အဆင်းလမ်း ကသိုဏ်းတောင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆)မှ စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်စဉ် အာဏာသိမ်းစစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ပုံ‌ဟောင်းအသုံးပြုထားသည်။

ဇွန်လ ၂၁ ရက်နေ့ ၂ နာရီခန့်မှာတော့ ဖားကန့်မြို့ ဆယ်ဇင်းကျေးရွာကနေ စစ်ယာဉ်တန်း ၃ စီးဖြင့် လှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်ကို တပ်ရင်း (၂၆) အဖွဲ့မှ ကျောက်ပုန်းအရောက်တွင် ကြားဖြတ်တိုက်မှု လုပ်ဆောင်ခဲ့ကာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသ သတင်းတွေကဆိုပါတယ်။

ထို့ပြင် ဇွန်လ ၂၁ ရက်နေ့မှာပင် မိုးညှင်းမြို့ရှိ အာဏာသိမ်းစစ်တပ် ခမရ (၃၈၅) မှ စစ်ယာဉ်တန်း (၄) စီးဖြင့် လှုပ်ရှားသွားလာနေစဉ် ကေအိုင်အေ တပ်မဟာ (၈) လက်အောက်အဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး စစ်ယာဉ်တန်း ၂ စီး ပျက်စီးကာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးသွားကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-State) ဟူနောင်နဲ့ နမ်ဂွတ်ကျေးရွာကြားတွင် အာဏာသိမ်းစစ်တပ် တပ်မ ၉၉ နဲ့ ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နဲ့ တပ်ရင်း (၂၉) ပူးပေါင်းအဖွဲ့နဲ့ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲကနေ ၄ နာရီအချိန်တွင်း ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

Leave a Reply

*