ကေအိုင်အေတပ်နဲ့ အစိုးရတပ် သျှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲခပ်စိတ်စိတ်ဖြစ်လာ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာဒေသ ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ရှိ တပ်ရင်း (၈) အခြေစိုက်တဲ့ ဂါလျန်ကျေးရွာ နောင်ဖန်းနဲ့ နောင်မော့င်ပါအကြား ဇွန်လ ၁၇ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်တွင် ကေအိုင်အေတပ်နဲ့ အစိုးရတပ် တပ်မ (၈၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ စစ်ပွဲဖြစ်ပွားခြင်းက အစိုးရတပ်အနေဖြင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကာ နှစ်ဖက်အဖွဲ့ ထိပ်တိုက်တွေ့ဆုံခဲ့မှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်များ ခပ်စိပ်စိပ် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာတာကြောင့် စစ်ပွဲမကြာခဏဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဇွန်လ ၄ ရက်နေ့ကလည်း ကေအိုင်အေ တပ်မဟာ (၁၀)၊ တပ်ရင်း (၁၇) တည်ရှိတဲ့ ဂန်မိန်းလွယ်ဒေါင်ဘက်ခြမ်း ကေအိုင်အေတွေ အခြေစိုက်နေရာတို့ အစိုးရတပ် ခလရ (၇၉) အဖွဲ့က စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တုန်းကလည်း ကေအိုင်အေ တပ်မဟာ (၆) လက်အောက်ရှိ တပ်ရင်း (၉) တပ်စွဲထားတဲ့နေရာဘက်ကို အစိုးရတပ်များ ထိုးစစ်ပြုလုပ်လာတာကြောင့် နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။

Leave a Reply

*