ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။
မံစီမြို့နယ်၊ ဘန်ဂေါ်ကျေးရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၂၇ နဲ့ အကြမ်းဖက် စစ်ကောင်စ်ီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထို့အပြင် မနက် ၁၀ နာရီခွဲခန့်မှာတော့ ဗန်းမော်ဘက်ခြမ်း မုံးခေါင်နဲ့ ဟန်ထက်ကြားရှိ နတ်ကြီးစင်နေရာတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၃၆ တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်ရင်း ၁ နဲ့ ၂၇ ပူးပေါင်းတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေ ဘွမ်ဆန်ဘွမ်အနီးတဝိုက်တွင်လည်း ယမန်နေ့ မနက် ၉ နာရီခန့်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေတပ်စခန်းဘက် ဆက်လက်ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အဆိုပါနယ်မြေတွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်နေတာပဲဖြစ်ပါတယ်။
တိုက်ပွဲများဖြစ်ပွားရာနေရာဘက် နမ့်ဖတ်ကာရှိ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၀၅-မမ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သလို လွန်ခဲ့သောရက်များတွင် လေကြောင်း ပစ်ခတ်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။