သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေဖြစ်တဲ့ ကွတ်ခိုင်ခရိုင် ဘွမ်ဖရီဘွမ်ဒေသ လိုင်ခေါင်းတောင်မှာ မတ်လ ၁ ရက်နေ့က ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ် တပ်မ (၉၉) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါဝင်တဲ့ တပ်မ (၉၉) အနေဖြင့် ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြလုပ်လာတာကြောင့် ကေအိုင်အေ တပ်ရင်း (၉)မှ ပြန်လည်ခုခံတိုက်ခိုက်ခြင်းကြောင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ ရှေ့တန်းရောက်စစ်သည်တစ်ဦးကပြောပါတယ်။
လက်ရှိအချိန်တွင် သျှမ်းပြည်မြောက်ပိုင်းဒေသများရှိ ကေအိုင်အေနယ်မြေဘက်ကို မြန်မာစစ်တပ်အနေဖြင့် တောလမ်းကနေပြီး စစ်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပျက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
“အခုသူတို့က တောဘက်ကနေပြီး တောမှာပုန်းအောင်နေသူတွေက ပုန်းအောင်းပြီးတော့ ထိုးစစ်ဆင်နေကြတာဖြစ်တဲ့အတွက် စစ်အင်အားဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရတော့ခက်တယ် သူတို့ဆက်ထိုးတက်နေရင်တော့ ကျတော်တို့လည်း ပစ်မှာပဲ၊ ဘယ်အချိန်တွေ့တွေ့ပစ်ခတ်ရမှာပါပဲ” လို့ ရှေ့တန်းရောက်စစ်သည်ကပြောပါတယ်။
မြန်မာစစ်တပ်အနေဖြင့် ကေအိုင်အေတပ်စွဲထားရာ သျှမ်းပြည်မြောက်ပိုင်းဒေသများဘက်ကို စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလကစတင်ပြီး ပြန်လည်ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်ကာ မြန်မာစစ်တပ်မှ အထိအခိုက်အချို့ရှိထားသလို ယခုတိုက်ပွဲများကြောင့် ကျေးရွာအချို့ စစ်ဘေးရှောင်ကြရမယ်ကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။