ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်တိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦးသေဆုံး

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း ၆ နဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ၄ နာရီတွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှု ပြလုပ်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ ဘေးပတ်ဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ ခတ္တတိမ်းရှောင်ခဲ့ရမှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ယမန်နေ့မှာပင် ကေအိုင်အေ တပ်ရင်း (၄၄) နယ်မြေ ဆားမှော်၊ ကညင်မြိုင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၈၃၊ ၃၈၄ တပ်ရင်း နှစ်ခုကို ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သလို တပ်စခန်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ယနေ့မနက် ဒီဇင်ဘာ ၂၅ ရက် မနက် ၁ နာရီခွဲခန့်တွင်လည်း ကေအိုင်အေ တပ်ရင်း (၄၄) နယ်မြေတွင် စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*