ကေအိုင်အိုဌာနချုပ်နယ်မြေ တပ်မဟာ (၅) တပ်ရင်း (၃)ဒေသဖြစ်တဲ့ ဆဒုံမြို့နယ်ရှိ Lagat Kawng တွင် ယနေ့ဧပြီ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၃၈၉) ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်မှ မိုးညှင်းခရိုင်မှာရှိတဲ့ ကေအိုင်အေ တပ်မဟာ (၈) နယ်မြေဘက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ယမန်နေ့နဲ့ ယနေ့တွင်လည်း ထပ်မံပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်တဝှမ်းတွင် ယခင်အပတ်ကစတင်ပြီး ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းတွေ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်များရဲ့ ရမ်းသန်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးများက အနီးရှိကျေးရွာများတွက် ကျရောက်ပေါက်ကွဲမှုတွေရှိတာကြောင့် ဗန်းမော်ခရိုင် မိုးမောက်မြို့ဘက်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူ နှစ်ထောင်နီးပါး ရောက်ရှိနေပြီဖြစ်ကာ လူမှုကူညီရေးများလည်း လိုအပ်ချက်တွေ ရှိနေကြပါတယ်။