ကေအိုင်အေတပ်နဲ့စစ်ကောင်စီတပ်ကြား နေရာအချို့တွင် တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁)နယ်မြေ မဒန်ယန်ကျေးရွာတွင် ယနေ့ မေလ ၁၂ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူဖြင့် ဂျက်တိုက်လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။

ယမန်နေ့မှာလည်း မဒန်ယန်ကျေးရွာတွင် ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ် ခမရ (၆၀၂)တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ထိုနေရာဘက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် မနက် ၁၀ နာရီနဲ့ ၁၀ နာရီခွဲအချိန်တွင် ၂ ကြိမ်၊ ညနေပိုင် ၃ နာရီနဲ့ ၄ နာရီခွဲတွင် တစ်ကြိမ်စီ လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ စစ်ကောင်စီတပ် ခမရ (၆၀၁) နဲ့ (၃၁၉) တို့ဘက်ကနေလည်း လက်နက်ကြီး ၁၂၀-မမ၊ ၁၀၅-မမ များဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၁၅) နယ်မြေ မန်ဒါ့ဘွမ်တွင် ယမန်နေ့က စစ်ကောင်စီတပ်မှ ကေအိုင်အေ နယ်မြေဘက်ကို ထိုစစ်ဆင်စစ်ရေးလှုပ်ရှားလာတာကြောင့် ထိပ်တိုက်ရင်ဆိုင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ထို့ပြင် ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၁၉) နယ်မြေ နောင်ဖာကျေးရွာအနီးနဲ့ တပ်ရင်း (၂၅) ရှိရာ ရှိန်ကော့ချောင်းအောက်ဘက်ပိုင်း နိုင်ဦးကုန်းတဝိုက်တွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သလို ဂျော်မော်တပ်စခန်းဘက်ကိုလည်း စစ်ကောင်စီတပ်များက ဂျက်တိုက်လေယာဉ်များဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။

Leave a Reply

*