ကေအိုင်အို COVID-19 ရောဂါကာကွယ်ကုသနှိမ်နှင်းရေးကော်မတီ (ဗဟို)မှ လက်ရှိမြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် အရှေ့ပိုင်းဌာနချုပ် မိုင်ဂျာယန်မြို့အနီး လွယ်ဂျယ်နဲ့ တရုတ်နိုင်ငံ ဒေဟွန်းဒေသတွင် ကိုဗစ်ပိုးတွေ့လူနာ ရှိလာပြီဖြစ်တာကြောင့် ကော်မတီကနေပြီး ပြည်သူများထံ အသိပေးစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေများကို ဝင်ထွက်သွားလာမှု၊ ကုန်သွယ်ရေးလုပ်ငန်းများကို COVID-19 ရောဂါကာကွယ်ကုသနှိမ်နှင်းရေးကော်မတီ (ဗဟို)မှ အချိန်အကန့်အသတ်ဖော်ပြခြင်းမရှိပဲ ပိတ်ပင်မှုကို ပြုလုပ်လာတာ နှစ်လတာရှိလာပြီဖြစ်ပြီး လူထုနဲ့ဌာနအသီးသီးကလည်း စိတ်သောကရောက်ခြင်းနဲ့ အခက်အခဲကြုံနေကြရမည်ကို သိရှိတာကြောင့် နားလည်သီးခံပြီး ဆက်လက်လိုက်နာပေးကြဖို့ ဆော်ဪထားပါတယ်။
ကိုဗစ်ရောဂါ ဖြစ်ပွားခြင်း အချိန်ကြာမြင့်လာတာနဲ့အမျှ COVID-19 ရောဂါကာကွယ်ကုသနှိမ်နှင်းရေးကော်မတီ (ဗဟို)အနေဖြင့် လူထုကို ကူညီပံ့ပိုးပေးနိုင်ဖို့ နည်းလမ်းရှာဖွေနေကာ မိမိဒေသတွင် စားသောက်ကုန်လိုအပ်ချက်များရှိလာကာ ဈေးနှုန်းမြင့်မားမှုတွေ မဖြစ်ပေါ်အောင်လည်း လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု လျော့ကျသွားခြင်းမရှိသေတာကြောင့် ပြည်သူလူထုအနေဖြင့် သတိကြီးစွာကိုဗစ်စည်းကမ်းချက်များနဲ့အညီ နေထိုင်ပြီး လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။