ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းတိုင်းဌာနချုပ် ကေအိုင်အေ တပ်မဟာ (၃) ဌာနတွင် ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ ၂ ရက်သာ တိုင်းဌာနချုပ်အတွင်းရှိ ကော်မတီအတွင်းရေးမှူးများ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်နေပါတယ်။

ဒီတွေ့ဆုံမှုကိုတော့ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ အူလန်းပါမြို့နယ်၊ အတွင်းရှိ ကော်မတီ အတွင်းရေးမှားများ ဌာနဆိုင်ရာမှ အတွင်းရေးမှူးများ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။
“လုပ်ငန်းဆောင်တာတစ်ခုကို လက်တွေ့လုပ်ဆောင်နေတဲ့ ကော်မတီ အတွင်းရေးမှူးများ အားလုံးက ကချင်လွပ်လပ်ရေးအဖွဲ့ရဲ့ လမ်းစဉ်ကို ပုံဖော်လုပ်ဆောင်သွားနိုင်ဖို့ မိမိတာဝန်များ ပိုမိုကြိုးစားလုပ်ဆောင်ဖို့၊ လိုအပ်ချုပ်များကို အချင်းချင်းကြား အသိပညာဖလှယ်ကာ ခွန်အားပေးပြီး လက်တွဲလုပ်ဆောင်သွားကြဖို့ နဲ့ လိုအပ်တဲ့အရာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတာပါ” လို့ အရှေ့ပိုင်းတိုင်ဌာနချုပ် ကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး မဂျီ ဇော်ရိန် ကပြောပါတယ်။
ဒီးဆွေးနွေးပွဲက ကော်မတီအတွင်းရေးမှူများကြား ၂၀၂၁ ခုနှစ်အတွက် ပထမဦးဆုံးတွေ့ဆုံခြင်းဖြစ်ကာ ကော်မတီ အတွင်းရှေးမှူး (၁၁) လာရောက် ဆွေးနွေတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။