ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ဌာနအသီးသီးရှိ ဝန်ထမ်းများကို လုပ်ငန်းဆောင်တာ အရည်အချင်းမြင့်တင်နိုင်ဖို့ သင်တန်းပို့ချပေးခဲ့ပါတယ်။
သင်တန်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ရက်ပေါင်း (၄၀) ကျော် ပို့ချခဲ့ကာ အောက်ခြေဝန်ထမ်းများအနေဖြင့် မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်သာများ တိုးတက်အောင်မြင်လာဖို့ ကြိုးစားလုပ်ဆောင်နိုင်အောင် လုပ်ငန်းဆိုင်ရာများကို ပို့ချပေးခဲ့တာပါ။
သင်တန်းဆင်းပွဲကိုတော့ နိုင်ဝင်ဘာ ၁၂ ရက်နေ့ကမှာ ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းဌာနချုပ် အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး လဝေါ်နော်ဆန့်လာရောက်ချီးမြင့်စကားပြောဆိုခဲ့ကာ ယခုသင်တန်းက အစိုးရရဲ့ လုပ်ငန်းများကို ထမ်းရွက်ချိန် မိမိတာဝန်ယူလုပ်ဆောင်နေတဲ့အရာများကို သိနားလည်ပြီး အားလုံးအတူတကွကြိုးစားအားထုတ်ပြီး နိုင်ငံတာဝန်ထမ်းဆောင်ရာတွင် ဆုံးခန်းတိုင် တာဝန်ယူလုပ်ဆောင်သွားဖို့ ပြောကြားခဲ့ပါတယ်။
ယခုသင်တန်းကိုတော့ မြောက်ပိုင်းဌာနချုပ် အထွေထွေအုပ်ချုပ်ရေးဌာနအတွင်းရှိ ဌာနအသီးသီးများ၊ ပူတာအိုနယ်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်နဲ့ နယ်အသီးသီးက ခေါင်းဆောင်များ (၄၂) ဦး သင်ယူခဲ့ကြပါတယ်။