ကေအိုင်အို ဖွဲ့စည်းခြင်း နှစ် (၆၀) ပြည့်ပြီ

ကချင်လွတ်မြောက်ရေးအဖွဲ့ နှစ်‌ (၆၀) ပြည့်အခမ်းအနားကို Padang Hkrun Lam Majan Masing Woi Awn ခန်းမတွင် ပြုလုပ်ခဲ့ပြီး ကေအိုင်အို ဥက္ကဌရဲ့ မိန့်ခွန်းကြားနာမှုပြုလုပ်ခဲ့ပါတယ်။

ကေအိုင်အို ဥက္ကဌရဲ့ မိန့်ခွန်းကိုတော့ အတွင်းရေးမှူး ဦးထိန်နန်မှ ဖတ်ကြားပေးခဲ့ကာ မိန့်ခွန်းထဲမှာတော့ ကေပိုင်အိုအနေဖြင့် ကချင်လူမျိုးအားလုံးအတွက် စည်းလုံးညီညွတ်ပေးခြင်း၊ လမ်းပြဦးဆောင်ခြင်းနဲ့အတူ လူထုကိုယ်စားပြုလာတာ နှစ်ပေါင်း (၆၀) ပြည့်မြောက်သွားပြီဖြစ်ပြီး လူထုနဲ့ ကေအိုင်အိုတွင်တာဝန်ထမ်းဆောင်နေသူအားလုံး လွတ်လပ်တဲ့နိုင်ငံဖြစ်တည်လာဖို့ ဖြစ်ချင်တဲ့နည်းတူ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ကူးသန်းခဲ့ပေမယ့် စိတ်ဓာတ်ကျဆင်းသွားခြင်းမရှိ တာဝန်များကို ထမ်းဆောင်နေခြင်းကြောင့် ကေအိုင်အိုအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် ဂုဏ်ရှိစွာဖြင့်ဖြတ်သန်းနေနိုင်ကြောင်း ပြောဆိုထားပါတယ်။

ကချင်လူမျိုးတွေကြားထဲ ‌သွေးစည်းညီညွတ်မှု လျော့ကျလာခြင်း၊ စိတ်သဘောထားမတိုက်ဆိုင်မှုဖြင့် အချင်းချင်းကြားကွဲပြားေစ မည့်အကြောင်းအရာများ ပြန်လည်ပေါ်ထွက်လာခြင်း၊ ကချင်လူမျိုးတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးလုပ်ဆောင်မှုတွေမှာ အင်အားယုတ်လျော့လာခြင်း၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ရရှိဖို့ အခြားသောအဖွဲ့အစည်းများကို ယုံစားနေမှု‌တွေ ဖြစ်ပေါ်လာခြင်းစတဲ့အရာများက နိုင်ငံတည်ထောင်ရေးတွင် ရှေ့မတိုးစေပဲ အနှောက်အယှက်တွေ ဖြစ်စေနေကြောင်း ပြောဆိုထားပါတယ်။

ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲပေါ် မူတည်ပြီး ပြည်သူတွေကိုယ်တိုင် တည်ဆောက်သွားနိုင်ဖို့ အခွင့်အလမ်းတွေက ရှေ့လက်တကမ်းတွင် ရှိနေတာဖြစ်ခြင်းကြောင့် ဒီအခွင့်အလမ်းကောင်းကို အသုံးမချနိုင်မှု မဖြစ်ပေါ်စေဖို့ စည်းလုံးညီညွတ်ခြင်းက အဓိကအင်အားစုတစ်ခုအဖြစ် ရှိနေပါတယ်။

ဖိနှိပ်မှုဘက်ပေါင်းစုံဖြင့် ခံစားနေရခြင်းကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားအားထုတ်ခြင်းက မှန်ကန်မှုရှိကာ တန်ဖိုးရှိတဲ့ လုပ်ဆောင်ခြင်းဖြစ်သလို ကချင်လွတ်မြောက်ရေးအဖွဲ့က လွတ်မြောက်ရေး၊ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်နေတာ နှစ်ပေါင်း (၆၀) တင်းတင်းပြည့်ခဲ့ပြီး ဒီလမ်းစဉ်ပေါ် သွေဖယ်ခြင်းမရှိ တာဝန်ထမ်းဆောင် အကောင်အထည်ဖော်လုပ်ဆောင်နေပြီး နိုင်ငံတစ်ခုတွင် တည်ရှိရမည့်အရာများကို ဖြည့်ဆည်းနေချိန်ဖြစ်ကာ လက်ရှိအချိန်တွင် COVID-19 ကပ်ရောဂါကလည်း ကိုယ့်ဒေသဆီကို မရောက်ရှိနိုင်ဖို့ ကေအိုင်အို အစိုးရအနေဖြင့် ကြိုးစားလုပ်ဆောင်နေကြောင်း မိန့်ခွင်းတွင် ပါရှိပါတယ်။

  ဒါ့အပြင် ကေအိုင်အို ဒုတိယဥက္ကဌ ဗိုလ်ချုပ်မှူးကြီး ဂွမ်ထန်ဂမ်ရှောင်အနေဖြင့်လည်း ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး အင်ဘန်လရဲ့ ကေအိုင်အို (၆၀) နှစ်ပြည့်မိန့်ခွန်းပေါ်မူတည်ပြီး ကချင်လူမျိုးများဖိနှိပ်ခြင်းခံနေရခြင်းမှ လွတ်မြောက်နိုင်ဖို့ ကေအိုင်အိုအနေဖြင့် လူထုကိုယ်စားဦးဆောင်ဦးရွက်ပြုနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 ဒီအခမ်းအနားပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်ဖြစ်တာကြောင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီလုပ်ဆောင်ခြင်းဖြစ်ကာ ဌာနအသီးသီးက တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

*