ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရွှေတူးဖော်ခြင်းများကို အရေးယူမည်

ကချင်လွတ်လပ်ရေးကောင်စီမှ ကေအိုင်အို အစိုးရ ထိန်းချုပ်ထားတဲ့နယ်မြေရှိ ကျေးရွာနယ်မြေ၊ အရပ်သားနေအိမ်တည်ရှိရာ နေရာများ၊ တောင်ယာ လယ်ယာစိုက်ခင်းနယ်မြေများတွင် ရွှေတူးဖော်ခြင်းများ လုံးဝရပ်ဆိုင်ရမှာဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့က အမိန့်စာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

စစ်ဘေးဒုက္ခကြောင့် မိမိနေရပ်ဒေသ၊ နေအိမ်ခြံဝင်း၊ စိုက်ပျိုးနယ်မြေများကို စွန့်ခွာသွားခဲ့ရတဲ့ ပြည်သူများ မိမိပိုင်ဆိုင်မှုများကို ပြန်လည်ကြည့်ရှု့စစ်ဆေးဖို့ အခြေအနေမပေးနေခြင်းကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ညွန်ကြားချက် အမိန့်ကို ကချင်ပြည်နယ် မြေယာဥပဒေအတိုင်း သက်ဆိုင်ရာဌာနအနေဖြင့် တာဝန်ယူ ကြီးကြပ်ကာကွယ်သွားဖို့ ညွန်ကြားထားပါတယ်။

ရွှေတူးဖော်ခြင်း ရပ်ဆိုင်းအမိန့်ထုတ်ပြန်ပြီးတဲ့ နေ့ကစတင်ပြီး လိုက်နာခြင်းမရှိတဲ့ မည်သူမဆို၊ အဖွဲ့အစည်းမဆို ပြင်းပြင်းထန်ထထန် အရေးယူသွားမှာဖြစ်ပြီး ကချင်လွတ်လပ်ရေးကော်စီမှ ပြန်လည်ရုပ်သိမ်းခြင်း အမိန့် မထွက်ပေါ်မချင်း သက်ရောက်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

*