ကေအိုင်အို ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ပူတာအိုမြို့နယ်ရှိ ဘွမ်နွယ်ကျေးရွာ စာသင်ကျောင်းနဲ့ ဆလန်ယန်စစ်ဘေးရှောင် မူလတန်းကျောင်းကို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံမှုအခြေအနေ အရပ်ရပ်ကြောင့် ရပ်နားထားရာကနေ အောက်တိုဘာ ၂၂ ရက်နေ့ကစတင်ပြီး ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့သောလက ဘွမ်နွယ်ကျေးရွာနဲ့ ဆလန်ယန်စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကျောင်းပိတ်ထားရာကနေ ယခုတွင် ကူးစက်ခံရသူများ လျော့နည်းသက်သာလာပြီဖြစ်တာကြောင့် ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းဒေသကော်မတီထံမှသိရပါတယ်။
ကိုဗစ်ကူစက်ခံထားရသူများကို အင်ထန်ဇွပ်ကွာရန်တင်းစင်တာတွင် ထားရှိကာ ဆေးဝါးကုသမှုပေးအပ်နေပြီး ရောဂါပြင်းထန်ခြင်းမရှိတော့ကာ ပျောက်ကင်းသက်သာလာကြပြီဖြစ်ကြောင်း သိရပါတယ်။
ကေအိုင်အို ထိန်းချုပ်နယ်မြေ မြောက်ပိုင်းဒေသအတွင်းတွင် ဖြစ်လှစ်ထားတဲ့ အင်ဂွမ်းလကျောင်း၊ ကဂျီထုကျောင်းနဲ့ အခြားသော အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ကိုဗစ်-၁၉ ကူစက်ပျံ့နှံ့ခြင်း မရှိတော့တာကြောင့် စက်တင်ဘာလကစတင်ပြီး ဖွင့်လှစ်သင်ကြားပေးနေပြီလည်း ဖြစ်ပါတယ်။
လက်ရှိအချိန် ပူတာအိုဒေသတဝိုက်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူ ၁၁ ဦးရှိကာ ပိုးကင်းစင်ကြောင်း ပြသထားသူကတော့ ၂၀ ဦးအထိရှိနေပြီး သံသယလူနာအဖြစ် စောင့်ကြည့်ခံနေသူကတော့ ၂၄၉ ဦးအထိ ရှိနေပါတယ်။