ကေအိုင်အို ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီမှ ဆဒုံဒေသဘက်သွားရောက်ကြည့်ရှု

ကေအိုင်အို ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီမှ ဗိုလ်မှူးကြီး နော်ဂူဂွမ်ဂျာ ဦးဆောင်တဲ့အဖွဲ့က ဇန်နဝါရီ ၂ ရက်နေ့က ဆဒုံဇုံနယ် ကိုဗစ်-၁၉ ကော်မတီနဲ့တွေ့ဆုံဆွေးနွေးခဲ့ကာ ရောဂါနှိမ်နှင်းရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု့လေ့လာခဲ့ပါတယ်။

ဇုံနယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းနဲ့ ကျန်းမာရေးစောင့်ကြည့်နေရာများ ပြန်လည်တည်ဆောက်နိုင်ဖို့ တရုတ်ငွေ ယွမ် ၆၃၀၀ နဲ့ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ်ကို ဆဒုံဇုံနယ် ကိုဗစ်-၁၉ ကော်မတီထံပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဆဒုံဒေသတွင် စစ်ဆေးရေးဂိတ်နှစ်ခုနဲ့ ကျန်းမာရေးစောင့်ကြည့်နေရာ တစ်ခုဖြင့် ကိုဗစ်နှိမ်နှင်းရေးလုပ်ငန်းလုပ်ဆောင်နေကာ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဝင်ထွက်သွားလာမှုများကို ရပ်နားထားကြောင်းသိရပါတယ်။

Leave a Reply

*