ကေအိုင်အိုအစိုးရကျောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ် မေလ ၂၂ ရက်နေ့ ထုတ်ပြန်မည်

ကချင်လွတ်လပ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားတဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေရလဒ်ကို မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သွားမှာဖြစ်ပြီး ပညာရေးဌာနထံမှ သိရပါတယ်။

၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြပုံ

စာမေးပွဲရလဒ်ကို တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျောင်းတိုင်းတွင် ရလဒ်များကို ထုတ်ပြန်ပေးသွားဖြစ်ပြီး လိုင်ဇာ FM ရေဒီယိုနဲ့ လိုင်ဇာ ရုပ်မြင်သံကြားကနေလည်း ထုတ်လွင့်ပေးသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့သော ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ လျှောက်လွှာပေးအပ်ထားသူ (၈၃၁) ဦးရှိကာ ၅ ဦးကတော့ လာရောက်ဖြေဆိုခြင်းမရှိခဲ့ပါဘူး၊ ကေအိုင်အိုအစိုးရ အခြေခံပညာကျောင်းရဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်ကိုတော့ လာမည့် မေလ ၂၅ ရက်နေ့ကစတင်ပြီး အမည်စာရင်းစတင်လက်ခံသွာမှာဖြစ်ပြီး ကျောင်းကိုတော့ ဇွန်လဆန်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Leave a Reply

*